Sunday, 11 October 2015

✆ဖုန်း​လေး​နေလို့ညစ်​​နေသူများ✆

ဖုန်း​လေး​နေလို့အချိန်​တိုင်း ညစ်​​နေကြသူများ
Apk အလွတ်​တန်း Post ​လေးတင်​​ပေးလိုက်​ပါတယ်​​နော်
နေ့ရှိသ​ရွေ့ဖုန်း​လေးပြီးညစ်​​နေကြသူများ သိထားသူရှိသလို မသိ​ထား​သေးတဲ့သုများအတွက်
ပုံ​လေး​တွေနဲ့ရှင်းပြထားပါတယ်​...

ကျွန်​​တော်​ပုံ​လေး​တွေမှာ​သေချာမမှား​အောင်​ပြ​ပေးထားတယ်​​နော်
နံပါတ်​စဉ်​နဲ့ကြည့်​ပြီး​သေချာမှတ်​ပါ..မမှား​စေရန်​အတွက်​​ပြောရခြင်းပါ
အခုလုပ်​ပုံ လုပ်​နည်းကလွယ်​ပါတယ်​...

ဒါ​ပေမယ့်​မှားလို့​တော့မရပါ လုပ်​ရမယ့်​အချက်​သုံးချက်​ပဲရှိပါတယ်
အဓိကအ​ရေးကြီးတာက ပြထား​သောပုံနံပါတ်​ 2 မှာအ​ရေးကြီးပါတယ်​ ပုံ​လေးကို​သေချာကြည့်​ပြီးလုပ်​​စေချင်​ပါတယ်
မမှတ်​မိဖြစ်​ခဲ့မယ်​ဆိုရင်​ စာအုပ်​​ပေါ်မှာခဏမှတ်​ထားပြီးလုပ်​ပါ
အဆင့်​နံပါတ်​ 2 မှာပြထား​သော​နေရာမှာလည်းပြထား​ပေးပါတယ်

နံပါတ်​1 storage မှဝင်​လာရင်​ Total space main ဖိုင်​​တွေ့ရပါမယ်
အဲ့မှာ cached data အရင်​ဝင်​ပါ မလုပ်​ခင်​​နောက်​ကွယ်​မှာစားထား​သော
Memory total မှတ်​ထားကြည့်​ပါ ....
ပြီးရင်​သူ့ကိုတစ်​ချက်​​ခေါက်​လိုက်​ပါ..{Clear cached data} ဆို​သောစာတန်း​တွေ့ပါမယ်
Ok..​ပေးပြီးပြန်​ထွက်​ပါမယ်​...ဒါက ​လေး​ထောင့်​ကွပ်​ချပြထား​သော နံပါတ်​1 အ​ကြောင်း....

လေး​ထောက်​ကွပ်​ချပြထား​သော နံပါတ်​2 ရှင်းပြပါမယ်
လေး​ထောင့်​ကွပ်​ချပြထား​သောနံပါတ်​2​နေရာကိုထပ်​ပြီး တစ်​ချက်​​ခေါက်​ပါ
အဲ့မှာပုံ​လေးမှာလည်း​သေချာပြထား​ပေးတယ်​​နော်
အမှိုက်​​ရွေးပါမယ်​ အမှိုက်​ကဘာလည်းဆိုရင်​..
နံပါတ်​2​လေး​ထောင့်​ထဲဝင်​ပြီး ​ဆော့ဝဲနာမည်​​တွေနဲ့​တွေ့ရပါမယ်
အဲ့မှာ​ဆော့ဝဲနာမည်​​တွေရဲ့အ​ရှေ့မှာ •အစက်​​လေးနဲ့​တွေ့တဲ့ဟာ​တွေကို
Select ​ပေးပြီး Delete နဲ့ဖျက်​​ပေးပါ...

✂ ✂ ✂ ✂ ✂ ✂ ✂ သတိ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂
ပုံနံပါတ်​ 2 မှာ ​လေး​ထောင့်​ကွပ်​ 1..2 ရဲ့အ​ပေါ်မှာကြက်​​ခြေခက်​ပြီး
မဝင်​ရန်​ပြထား​ပေးပါတယ်​​နော်​ အဲ့ဒီ​နေရာကိုမလုပ်​မိ​စေရန်
အဲ့ဒီ​နေရာလုပ်​မိပါက အခက်​မသင့်​ system app ​တွေပါဖျက်​သွားပါမယ်
အဲ့ဒီ​နေရာက ဖုန်းထဲမှာသုံးထား​သော memory total ဖြစ်​သည့်​အတွက်
လုပ်​စရာမလိုပါ..

တချို့ကဖုန်း​လေး​နေရင်​ reset ပဲချတတ်​ကြပါတယ်
Reset ချတာကဖုန်းမှာထည့်​ထား​သော​ဆော့ဝဲ​တွေဖျက်​သွားပြီး
ပြန်​ရှာရတာလည်းမလွယ်​ပါ ​နောက်​တဖန်​ မကြာခဏ Resetချတာကလည်း
ဖုန်းရဲ့Rumအားကျတတ်​ပါတယ်​..




❦ ရွှင်​လန်းချမ်း​မြေ့ကြပါ​စေ❦ 

ပုဂံ​မြေသား​လေးနည်းပညာမှပြန်လည်တင်ပြပါသည်✌

No comments:

Post a Comment